Pages

Tuesday, July 30, 2013

MD5 Password Cracking Site

MD5 Hash ကို crack ပေးမယ့်ဆိုဒ်တွေကို စုစည်းဖော်ပြလိုက်ပါတယ်ဗျာ။ လိုရမယ်ရ သုံးလို့ရအောင်။ ကျွန်တော်တုန်းကတော့ ဆိုဒ်တစ်ခုမှ အဆင်မပြေပါဘူး။ :(
* http://www.md5-db.com/index.php
* http://plain-text.info/add/
* http://www.tmto.org/
* https://hashcracking.ru/
* http://hashcrack.com/

WebDav Scanner V3

Web Scanner tool လေးတစ်ခုပါပဲ။ ဒီဆော့ဝဲလ်လေးကိုတော့ kiddomonstar site ကနေပြန်ရှယ်ထားတာပါ။ ကျွန်တော်စမ်းကြည့်တာတော့ သိပ်မအောင်မြင်ပါဘူး။ ဒါပေမယ့် စမ်းကြည့်ပါ။ ကျွန်တော်က သေသေချာချာစမ်းထားတာ မဟုတ်တော့ ခင်ဗျားတို့အလှည့်ကျရင် အဆင်ပြေကောင်းအဆင်ပြေမှာပေါ့။ အောက်မှာ မူရင်းပို့စ်ကိုပါ ရေးပေးလိုက်ပါတယ်။

Anonymous အဖြစ် အင်တာနက်သုံးမယ်

ကျွန်တော်တို့အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်မှာ Anonymous အဖြစ်သွားလိုတဲ့အခါ အလွန်လွယ်ကူတဲ့နည်းနဲ့သွားလို့ရပါတယ်။ ဥပမာ မိမိ IP ကို Hide ချင်တဲ့အခါ၊ ဒါမှမဟုတ် DDoS Attack လုပ်တဲ့အခါ၊ ဒါမှမဟုတ် တစ်ခုခုပေါ့ :D Hide My IP လိုဆော့ဝဲလ်တွေသုံးရင်တော့ရပါတယ်။ ဒါပေမယ့် သုံးရတာလက်ပေါက်ကပ်ပါတယ်။ Full version မဖြစ်တာတို့၊ ဘာညာပေါ့။ ကဲ ဒီနည်းလမ်းကတော့ လွယ်ပါတယ်။ ဒီနည်းကို ဟိုအရင်ရက်တွေက DDos လုပ်ကြတုန်းကတွေ့ထားတာပါ။ နောက်မှ Bro တစ်ယောက်ရေးထားတာတွေ့လိုပြန်ရေးလိုက်တာပါ။ အရင်ဆုံး Mozilla အတွက် AnonymoX ဆိုတဲ့ extension ကိုသွင်းလိုက်ပါ။ ဒီအတွက် https://addons.mozilla.org/en-us/firefox/addon/anonymox/ မှာသွားပါ။ Addon ကိုဒေါင်းနေပါလိမ့်မယ်။ ခဏစောင့်ပါ။

Hack & Crack Huge Packs (283 MB)

ဒါကို တင်ပေးချင်နေတာကြာပါပြီ။ ဖိုင်ဆိုဒ်က နည်းနည်းကြီးနေတာရယ်၊ ကွန်နက်ရှင် သိပ်မကောင်းတော့ upload မတင်ပေးနိုင်တာရယ်ကြောင့်ပေါ့ဗျာ။ ဒီ AIO Pack ထဲမှာ Tools တွေရော၊ စာအုပ်တွေရော အကုန်ပါပါတယ်။ ကျွန်တော်ဘလော့မှာ တင်ပေးခဲ့တဲ့ Hacking eBooks တော်တော်များများလည်း ဒီထဲမှာအကုန်နီးပါး ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ Total 283 MB ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အပိုင်းလိုက်ခွဲပြီး တင်ပေးလိုက်ပါတယ်။ အပိုင်းလိုက်အရင် ဒေါင်းပြီးရင် HJ-Split နဲ့ပြန် Join လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ မသွားနိုင်ပါပြီခင်ဗျာ။ :D

Blogger Vs Wordpress

တစ်ချို့တွေကတော့ Blogger ကကောင်းတယ်။ တချို့ကတော့ Wordpress ကကောင်းတယ်။ ဘယ်သူတွေ ဘာပြောပြော သူ့ဟာနဲ့သူတော့ ကောင်းတဲ့အချက်ရော မကောင်းတဲ့အချက်ရော ရှိတာပါပဲ။ နိုင်ငံခြားမှာတော့ ဘယ်ဟာကိုပိုအသုံးပြုကြသလဲ မသိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Blogger သမားတွေကသာများပါတယ်။ Blogger ဆိုလို့ Blogger.com ကနေ အသုံးပြုတာကိုပြောတာပါ။
ကဲဗျာ။ ကျွန်တော်ဘလော့ တစ်ခုကနေ မှီးငြမ်းကော်ပီကူးပြီး နားလည်သလောက် တော်ကီပွားပါမယ်။

How to Protect your WordPress

ကျွန်တော် အသိညီတစ်ယောက် သူက WP site တစ်ခုနဲ့ Run ထားတော့ အဟတ်မခံရအောင်ဘယ်လိုလုပ်မလဲမေးလို့ ကျွန်တော်လည်း Google ထဲကနေ ကောင်းနိုးရာရာ ရွေးပြီး ပြန်ရှယ်လိုက်ပါတယ်ခင်ဗျာ။ ပြောရရင် ကျွန်တော်က WP Site တွေမကိုင်ဖူးတော့ ဟတ်ဖို့နေသာသာ ရမ်းသမ်းပြီးဘာသာပြန်ထားခြင်းသာဖြစ်လို့ လိုအပ်တာများရှိရင် တတ်သိနားလည်သူများအနေနဲ့ နားလည်ပေးကြပါခင်ဗျာ။ :D
ကဲ ကျွန်တော်စရွီးပါတော့မယ်။ အောက်က Tips လေးတွေကဘာပြောပြောအထိုက်အလျောက် wp site ကိုအဟတ်ခံခြင်းမရှိအောင် ကူညီပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်ဗျာ။

Wifi Kill Pro Apk

ဒါကတော့ Network တစ်ခုအတွင်းမှာရှိတဲ့ Device တွေကို အင်တာနက်အသုံးပြုလို့မရအောင် ပိတ်နိုင်တဲ့ Apk လေးပါပဲဗျာ။ ဥပမာဗျာ မိမိ Wifi မှာတစ်ယောက်ယောက်က Download တွေနင်းကန်ဆွဲနေမယ်၊ အရည်မရအဖတ်မရတွေလုပ်နေမယ်ဆိုရင် ဒီကောင်နဲ့တွယ်လို့ရတာပေါ့။ ဆော့ဝဲလ်ကတော့ Use at your own risk လို့ apk ကိုဖွင့်ဖွင့်ချင်းသတိပေးထားပါတယ်။ ဒီတော့ ကိုယ်နဲ့အဆင်ပြေသလိုသာသုံးပါ။ သူများကိုတော့ မကောင်းတဲ့စိတ်နဲ့ မလုပ်ပါနဲ့ပေါ့။ :D ဒီကောင်ကိုသုံးဖို့ Android version 4x အထက်လိုပါတယ်။ Root လုပ်ထားပြီးသားလည်းဖြစ်ရပါမယ်။ မိမိ Device နဲ့ကိုက်ညီတယ်ဆိုရင် စမ်းဖို့ မနိုင်ပါပြီဗျာ။ :D