Showing posts with label Wordpress. Show all posts
Showing posts with label Wordpress. Show all posts
တစ်ချို့တွေကတော့ Blogger ကကောင်းတယ်။ တချို့ကတော့ Wordpress ကကောင်းတယ်။ ဘယ်သူတွေ ဘာပြောပြော သူ့ဟာနဲ့သူတော့ ကောင်းတဲ့အချက်ရော မကောင်းတဲ့အချက်ရော ရှိတာပါပဲ။ နိုင်ငံခြားမှာတော့ ဘယ်ဟာကိုပိုအသုံးပြုကြသလဲ မသိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Blogger သမားတွေကသာများပါတယ်။ Blogger ဆိုလို့ Blogger.com ကနေ အသုံးပြုတာကိုပြောတာပါ။
ကဲဗျာ။ ကျွန်တော်ဘလော့ တစ်ခုကနေ မှီးငြမ်းကော်ပီကူးပြီး နားလည်သလောက် တော်ကီပွားပါမယ်။
ကျွန်တော် အသိညီတစ်ယောက် သူက WP site တစ်ခုနဲ့ Run ထားတော့ အဟတ်မခံရအောင်ဘယ်လိုလုပ်မလဲမေးလို့ ကျွန်တော်လည်း Google ထဲကနေ ကောင်းနိုးရာရာ ရွေးပြီး ပြန်ရှယ်လိုက်ပါတယ်ခင်ဗျာ။ ပြောရရင် ကျွန်တော်က WP Site တွေမကိုင်ဖူးတော့ ဟတ်ဖို့နေသာသာ ရမ်းသမ်းပြီးဘာသာပြန်ထားခြင်းသာဖြစ်လို့ လိုအပ်တာများရှိရင် တတ်သိနားလည်သူများအနေနဲ့ နားလည်ပေးကြပါခင်ဗျာ။ :D
ကဲ ကျွန်တော်စရွီးပါတော့မယ်။ အောက်က Tips လေးတွေကဘာပြောပြောအထိုက်အလျောက် wp site ကိုအဟတ်ခံခြင်းမရှိအောင် ကူညီပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်ဗျာ။