Gtalk မှာ နာမည်အကျန်ခဲ့အောင် ဖျောက်ကြမယ်

by 9:37 PM 0 comments
Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်MZ Forum မှာ ညမီးအိမ်တင်ထားတဲ့ Thread ကို ဖောက်သည်ချလိုက်တာပါ
ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။
အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as
password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as
ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် userတွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။
(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေးလာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့
ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတမိမာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။
အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalkကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။

win+R နှိပ်ပါ။ box ထဲမှာregedit ရိုက်ထည့်ပါ။ အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google
Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။
အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့
username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့
။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ +
လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။
ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete
နဲ့ဖျက်လိုက်ပါ။

refer 2: International Social Network Myanmar Hackbile

R4in8ow

Developer

Cras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.

0 comments:

Post a Comment